Local News

ပြည်တွင်းသုံးပဲများ အရောင်းအဝယ်သွက်နေ

Last Updated:

မန္တလေးဈေးကွက်တွင်ပြည်ပပို့ကုန်ပဲများ အရောင်းအဝယ်အေး ဈေးကျနေသော်လည်း ပြည်တွင်းသုံးပဲများမှာ ဈေးနှုန်းမြင့်တက်ပြီးအရောင်းအဝယ်သွက်နေကြောင်း မန္တလေးကုန်စည်ဒိုင် မှသိရသည်။

ဇွန်လပထမပတ်တွင် အရောင်းအဝယ်ဖြစ်လျှက်ရှိသည့် ပဲကြီး၊ ပဲနီပြား၊ ပဲဇီးကွက်နှင့် စွန်တာပြာ ဈေးနှုန်းများမှာ-

ပဲကြီး(ကြီး) ၅၅.၂၅ ပိဿာဝင်သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ် ကျပ် ၂၈၀၀၀၀ မှ ၃၁၀၀၀၀၊ ယခင်တစ်ပတ်ကျပ် ၂၇၅၀၀၀မှ ၂၈၅၀၀၀၊ ယခင်လကျပ် ၂၇၀၀၀၀မှ ၂၇၅၀၀၀ ဖြစ်သည်။ ယခင်တစ်ပတ်ထက် ကျပ် ၅၀၀၀မှ ၂၅၀၀၀၊ ယခင်လထက်ကျပ် ၁၀၀၀၀ မှ ၃၅၀၀၀ ခန့် ဈေးမြင့်တက်လာသည်။

ပဲကြီး(လတ်) ၅၅.၂၅ ပိဿာဝင်သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ် ကျပ် ၂၅၀၀၀၀ မှ ၂၇၀၀၀၀၊ ယခင်တစ်ပတ်ကျပ် ၂၄၅၀၀၀မှ ၂၆၀၀၀၀၊ ယခင်လကျပ် ၂၅၀၀၀၀မှ ၂၆၅၀၀၀ ဖြစ်သည်။ ယခင်တစ်ပတ်ထက် ကျပ် ၅၀၀၀မှ ၁၀၀၀၀၊ ယခင်လထက်ကျပ် ၅၀၀၀ ခန့် ဈေးမြင့် တက်လာသည်။

ပဲကြီး(သေး) ၅၅.၂၅ ပိဿာဝင်သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ် ကျပ် ၂၂၀၀၀၀ မှ ၂၄၀၀၀၀၊ ယခင်တစ်ပတ်ကျပ် ၂၂၀၀၀၀မှ ၂၃၅၀၀၀၊ ယခင်လကျပ် ၂၂၀၀၀၀မှ ၂၃၀၀၀၀ ဖြစ်သည်။ ယခင်တစ်ပတ်ထက် ကျပ် ၅၀၀၀၊ ယခင်လထက်ကျပ် ၁၀၀၀၀ ခန့် ဈေးမြင့်တက်လာသည်။

ပဲနီပြား(တံတားဦး)၅၅.၂၅ပိဿာဝင်သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ်ကျပ် ၃၇၀၀၀၀၊ ယခင်တစ်ပတ်ကျပ် ၃၆၅၀၀၀မှ ၃၇၀၀၀၀၊ ယခင်လကျပ် ၃၇၀၀၀၀ ဖြစ်သည်။ ယခင်တစ်ပတ် / ယခင်လ အတိုင်းဈေးငြိမ်နေသည်။

ပဲနီပြား(ကျွန်း)၅၅.၂၅ပိဿာဝင်သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ်ကျပ် ၄၁၅၀၀၀၊ ယခင် တစ်ပတ်ကျပ် ၄၁၀၀၀၀မှ ၄၂၀၀၀၀၊ ယခင်လကျပ် ၄၂၀၀၀၀ ဖြစ်သည်။ ယခင်တစ်ပတ် / ယခင်လထက် ကျပ် ၅၀၀၀ခန့်နိမ့်ကျလာသည်။

ပဲဇီးကွက် ၅၈.၂၅ ပိဿာဝင်သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ် ကျပ် ၃၀၀၀၀၀ မှ ၃၀၅၀၀၀၊ ယခင်တစ်ပတ်ကျပ် ၃၀၅၀၀၀မှ ၃၁၀၀၀၀၊ ယခင်လကျပ် ၂၉၀၀၀၀ ဖြစ်သည်။ ယခင်တစ်ပတ်အတိုင်းဈေးငြိမ်နေပြီး၊ ယခင်လထက်ကျပ် ၁၀၀၀၀ မှ ၁၅၀၀၀ခန့် ဈေးမြင့်တက် လာသည်။

စွန်တာပြာ(ကသဲ)၅၈.၂၅ပိဿာဝင်သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ် ကျပ် ၃၀၀၀၀၀ မှ ၃၁၀၀၀၀၊ ယခင်တစ်ပတ်ကျပ် ၂၉၅၀၀၀မှ ၃၁၀၀၀၀၊ ယခင်လကျပ် ၂၈၀၀၀၀ မှ၂၉၀၀၀၀ ဖြစ်သည်။ ယခင်တစ်ပတ်ထက်ကျပ် ၅၀၀၀၊ ယခင်လထက်ကျပ် ၂၀၀၀၀ ခန့် ဈေးမြင့်တက်လာ သည်။

စွန်တာပြာ(ရိုးရိုး)၅၈.၂၅ပိဿာဝင်သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ် ကျပ် ၂၉၀၀၀၀ မှ ၂၉၅၀၀၀၊ ယခင်တစ်ပတ်ကျပ် ၂၈၇၀၀၀မှ ၂၉၀၀၀၀၊ ယခင်လကျပ် ၂၅၀၀၀၀ ဖြစ်သည်။ ယခင် တစ်ပတ်ထက်ကျပ် ၃၀၀၀မှ ၅၀၀၀၊ ယခင်လထက်ကျပ် ၄၀၀၀၀မှ ၄၅၀၀၀ ခန့် ဈေးမြင့်တက်လာ သည်။

Category: Local News